Friday, August 2, 2019

လုံခြုံစိတ်ချစွာ အင်တာနက် သုံးပါ (Google လုံခြုံရေး စင်တာ)

Google လုံခြုံရေး စင်တာ
အွန်လိုင်းပေါ်တွင် လုံခြုံစိတ်ချမှုရှိစေရန် လမ်းညွှန်

အင်တာနက်ပေါ်တွင် လုံခြုံစိတ်ချမှုရှိအောင် နေထိုင်နည်း


လုံခြုံစိတ်ချမှုရှိစေမည့် လုပ်ငန်းစဉ်များ စတင်ပါပြီ။ အင်တာနက်သည် သတင်းအချက်အလက်
များ ရှာဖွေရန်၊ ဖန်တီးရန်နှင့် ပူးပေါင်းလုပ်ဆောင်ရန် အခွင့်အရေးများစွာကို ပေးထားပါသည်။
အင်တာနက်ကို အကောင်းဆုံးအသုံးချနိုင်စေရန် ရှေးဦးစွာ သင်ကိုယ်တိုင် လုံခြုံမှုရှိစေရန်
မည်သို့လုပ်ဆောင်ရမည်ကို သိရှိစေဖို့လိုအပ်ပါသည်။ သင်သည် အင်တာနက်စတင်သုံးစွဲသူ
(သို့) ကျွမ်းကျင်သောသူ ဖြစ်နေပါသော်လည်း ထိုလမ်းညွှန်ချက်များ နှင့် tools များက
ဝက်ဘ်ပေါ်တွင် လုံခြုံစိတ်ချမှုရှိစွာ လေ့လာနိုင်ရန် အကူအညီပေးသွားမည်ဖြစ်ပါသည်။

အသေးစိတ် သိရှိရန် ဒေါင်းလုပ်ပါ >>> Download 


သင့်မိသားစု နှင့်ကိုက်ညီသော လုံခြုံမှုအချက်များကို ရွေးချယ်နည်း။

အခြေခံအလုပ်များကို အရင်လုပ်ဆောင်ပါ။ အုပ်ထိန်းသူမိဘများအနေဖြင့် သင့်မိသားစုအတွက်
အသင့်တော်ဆုံး နှင့် သင့်ကလေးအတွက် အကောင်းဆုံးကို ဝေဖန်ပိုင်းခြားနိုင်ပါလိမ့်မည်။
သင့်မိသားစုအား နည်းပညာသစ်များ လုပ်ဆောင်ချက်အသစ်များနှင့် အမြဲမပြတ်ပြောင်းလဲနေသော
အွန်လိုင်း ၏ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး သိရှိလေ့လာရာတွင် ကူညီပေးနိုင်ရန် သင့်အနေဖြင့်
လက်တွေ့ဆန်သည့် အကြံများကို ရရှိထားဖို့လိုပေလိမ့်မည်။ ထို့ကြောင့် လုံခြုံရေးအကြံပေးများ၊
မိဘများ၊ ပညာရှင်များ၊ ကမ္ဘာတစ်ဝန်းရှိ အုပ်စု အသင်းအဖွဲ့များနှင့် ဆက်လက်လုပ်ဆောင်ရမည့်
အကြောင်းအရာများကို အမြဲမပြတ် တွေဆုံ့ဆွေးနွေးမှုများပြုလုပ်ကြပါသည်။ ထိုသို့ဖြင့် တာဝန်
သိတတ်သော နည်းပညာသစ် အသုံးပြုသူများကို မွေးထုတ်ပေးနိုင်မည် ဖြစ်ပါသည်။

အသေးစိတ် သိရှိရန် ဒေါင်းလုပ်ပါ >>> Download 





သင့်ကိုကာကွယ်ရန် Google မှ ဘယ်လိုကူညီမလဲ။

အင်တာနက်သည် ကောင်းမွန်သော အရာဖြစ်သော်လည်း အင်တာနက် အသုံးပြုသူတိုင်းတွင်
ကောင်းမွန်သော ရည်ရွယ်ချက်မရှိကြပေ။ Google မှ သင်၏လုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာများကို
အလေးထား ထိန်းသိမ်းလျှက်ရှိသည်။ သင်တို့၏ အချက်အလက်များကို ကာကွယ်ရန် နှစ်စဉ် ဒေါ်လာ
သန်းပေါင်းများစွာ အကုန်အကျခံကာ ကမ္ဘာ့နာမည်ကျော် ကျွမ်းကျင်ပညာရှင်များ ဌားရမ်းမှုကဲ့သို့သော
ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ဆောင်ရွက်လျှက်ရှိပါသည်။ ထိုသူတို့သည် သင်၏ အချက်အလက်များကို
လုံခြုံစိတ်ချစွာ ထိန်းသိမ်းရန်နှင့် ဆိုက်ဘာရာဇ၀တ်မှု ကျူးလွန်သူများထက် ခြေတစ်လှမ်းသာအောင်
အဓိကထား ဆောင်ရွက်လျှက်ရှိသည်။

Google သည် သင်၏ကွန်ပျူတာမှတစ်ဆင့် သက်သေခံခိုးယူခြင်း၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များ
လိမ်လည်ခြင်းနှင့် အွန်လိုင်းမှဖြားယောင်းခြင်းများကို ကာကွယ်ရန် ကူညီပေးရုံသာမက အင်တာနက်ကို
ပိုမိုလုံခြုံသည့်နေရာတစ်ခုဖြစ်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်။ သင်ကိုယ်တိုင်နှင့် သင့်မိသားစု
အွန်လိုင်းတွင် လုံခြုံမှုရှိစေရန် Google မှ tools များနှင့် အသိပညာဗဟုသုတများ ပေးပါသည်။ ဒါ့အပြင်
သင့်ကိုယ်စား ပြန်လည်တုံ့ပြန်မှုများပြုလုပ်နိုင်ရန် စဉ်ဆက်မပြတ်ရင်းနှီးမြှပ်နှံမှုများနှင့် တိုးတက်အောင်
ဆောင်ရွက်နေပါသည်။

အသေးစိတ် သိရှိရန် ဒေါင်းလုပ်ပါ >>> Download


No comments:

Post a Comment

Disclaimer

Share For You Page© 2019 All rights reserved

©2019 All rights reserved Disclaimer: https://share4upage.blogspot.com is not in anyway associated with Gostream.is, Onlinemovies, Fmovies, Xmovies8, Putlocker sites.

We do not host any videos on https://share4upage.blogspot.com itself. https://share4upage.blogspot.comis absolutely legal and contains only links to other third party websites like Youtube, Uptobox, Mediafire, Google, Picasaweb, Dailymotion, Openload, VK.com and many more which actually host videos.

https://share4upage.blogspot.com is not responsible for the compliance, copyright, legality, decency, or any other aspect of the content of other linked sites. If you have any legal issues please contact the appropriate media file owners or linked hosting websites.

https://share4upage.blogspot.com only provides links to third party video hosting sites which videos are uploaded by third party users.

https://share4upage.blogspot.com in no way affiliated with them nor intend to do that.